2015 Thingyan

Photos of 2015 Thingyan

Old Photos

Photos of the past Tisarana

ရုပ်သေးပမာ ကိုယ်ခန္ဓာနှင့် “တော”တစ်ဆယ့်တစ်ပါးတရားတော်

ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊ ဘာသန္တရဆေက၊ အဂ္ဂမဟာပဏ္ဍိတ၊ ကျေးဇူးတော်ရှင် မြောင်းမြဆရာတော်ဘုရားကြီး ၏ (၂၆-၄-၉၇)စနေနေ့ည တရားပွဲတွင် နောက်ဆုံး ဟောကြားတော်မူခဲ့သည့် တရားတော်ဖြစ်ပါသည်။

ယနေ့ဆိုရင် (၄-၅-၆)ပတ်၊ (၇)ပတ်ရှိနေပါပြီ၊ ပဋ္ဌာန်းတရားတော်နှင့် ပဋိစ္စသမုပ္ပါဒ်တရားတော်တွေကို ကြားရခဲ  နာရခဲတဲ့ အတွက်ကြောင့် ဒါတွေကို အထူးဂရုစိုက်ဟောပြောလာခဲ့တယ်။ အဲဒီအထဲမှာ ဒီပဋ္ဌာန်းတရား တော်နဲ့ ပဋိစ္စသမုပ္ပါဒ်တရားတော်တွေကို ဟောကြားတော်မူတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ လောကမှာ အတ္တစွဲဟာ အင်မတန်ကြီးကျယ်တယ်။ အထူးအားဖြင့် အိန္ဒိယနိုင်ငံ၌ ပိုပြီးတော့ ကြီးကျယ်တယ်။

ဒီတော့ အတ္တလေးက တစ်ကမ္ဘာလုံးကို ဖန်ဆင်းထားတယ်။ အဲဒီအတ္တလေးက တစ်မျိုး၊ သူ့ကိုတော့ “ပရမတ္တမ”လို့ခေါ်တယ်။ ပြီးတော့ လူတိုင်းလူတိုင်း ဗမာတွေဆိုလို့ရှိရင် လိပ်ပြာတို့၊ ဝိညာဉ်တို့ဆိုတဲ့ စကားလုံးနဲ့ ခေါ်ထားတဲ့ အတ္တတစ်ခုရှိသေးတယ်။ သူက သွားတတ် လာတတ်တယ်၊ စားတတ်  သောက်တတ်တယ်၊ ခံစား တတ်တယ်၊ တစ်ဘဝမှ တစ်ဘဝ သူက ကူးပြောင်းသွားတတ်တယ်။ ဒီလိုထင်နေတယ်။ တစ်ကမ္ဘာလုံးမှာလို ဒီအယူ အဆတွေရှိနေတယ်၊ ဒီအယူအဆတွေပျက်ကွဲပြီး အမြင်မှန်စေချင်လို့ ဗုဒ္ဓဘုရားရှင်တော်က အနတ္တ ဒေသနာကို ဟောကြားတော်မူခဲ့တာဖြစ်တယ်။ ဒီတော့ ရုပ်နာမ်သင်္ခါရတွေဟာ သူ့အကြောင်းနဲ့သူ၊ အကြောင်းစုံလို့ အကျိုး ဖြစ် ပေါ်လာတယ်။ အပြင်အပက ဖန်တီးတတ်တဲ့ Creator, Creation Agent ဆိုတာ မရှိကြောင်းကို ပဋ္ဌာန်းပါဠိတော်က အစကနေ အဆုံးထိအောင် သင်ကြားပေးတော်မူခဲ့တယ်။ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကြီးကလဲ ဒီအတိုင်းပဲ ဘယ် အကြောင်းကြောင့် ဘယ်အကျိုးဖြစ်လာတယ်လို့ အကြောင်းအကျိုးဆက်စပ်ဖော်ပြထားတယ်။
ဟိုတစ်နေ့တုန်းက လူတိုင်းလူတိုင်းမှာရှိတဲ့ ရုပ်နဲ့နာမ်ဟာ ဘယ်လိုဆက်သွယ်ပြီးသကာလ လူတွေကို အထင်မှားအမြင်မှားဖြစ်နေစေတယ်လို့ဆိုတာ ဝိသုဒ္ဓိမဂ်လို့ခေါ်တဲ့ Path of  Purification ကျမ်းစာကြီးထဲမှာ ရေးသားထားတယ်။ အဲဒီရေးသားထားတဲ့ အချက်လေးတွေကို ကြားဘူးနားဝ ရှိသွားအောင်ဆိုပြီးတော့ ဘုန်းကြီးက ဟောပြောခဲ့တယ်။ လူတွေကလည်း သဘောကျကြတယ်။ ဒီတရားကို နားထောင်ချင်ပါတယ်လို့ ဆိုနေကြတယ်။ ဒါကြောင့် ဘုန်းကြီးက ဒီတရားလေး တစ်ချက်ပြန်ပြီးတော့ ပြောပြမယ်။

အဓိပ္ပါယ်ကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒီရုပ်သေးရုပ်လေးတွေကို ကြိုးလေးတွေနဲ့ ဆွဲထားလို့ ခြေကြိုး ရှိတယ်၊ လက်ကြိုးရှိတယ်၊ ဇက်ကြိုးရှိတယ်၊ ခေါင်းကကြိုးတွေရှိတယ်။ ကြိုးအမျိုးစုံကို သူ့နေရာနဲ့သူ လှုပ်ဆွဲပြီး ပြလိုက်တော့ အသက်မရှိတဲ့ အရုပ်ကလေးဟာ ကတော့မလို၊ ခုန်တော့မလို၊ ပြေးတော့ လွှားတော့မလို လူတွေကို အထင်လွဲသွားအောင် လုပ်ပြတဲ့နေရာမှာ နောက်ကနေပြီးတော့ အရုပ်ကြိုးဆွဲသူက အသံကောင်းကောင်းနဲ့ မင်းသား မင်းသမီးတွေ၊ လူရွှင်တော် အစရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ကိုယ်စား အသံနဲ့ဆိုပြထားတော့ အရုပ်လေးတွေက တကယ့်ကိုပဲ ဆိုနေတယ်၊ ကပြနေတယ်လို့ အဲဒီလို ထင်စေတတ်တယ်။ အမြင်ကို လှည့်စားထားတယ်။ အသံနဲ့ လည်း လှည့်ပတ်ထားတယ်။ ဒါကြောင့်မို့လို့ ဪ..တကယ့်လူတွေပဲ၊ တကယ့်ဇာတ်ကြီးပဲ၊ တကယ့် အဖြစ် အပျက်ကြီးပဲလို့ လူတွေကထင်ကြပြီးတော့ သနားကြတယ်။ ကြင်နာကြတယ်။ ပျော်ရွှင်ခြင်းအစရှိသည်ဖြင့် ဖြစ်လာ ကြတယ်။ အဲဒီအတိုင်းပဲ ရုပ်နာမ်ဓမ္မသင်္ခါရဆိုတဲ့ သဘောတရားတွေထဲမှာ ရုပ်ဆိုတာက သစ်သားကို ထွင်းထုထား တဲ့ ရုပ်သေးရုပ်ကြီးနဲ့တူတယ်။ နာမ်ဆိုတာက သိတတ်တယ်၊ ခံစားတတ်တယ်၊ မှတ်သားတတ်တယ်။ အဲဒီနာမ်က အတွင်းကနေပြီး ဆွဲပေးတဲ့ ကြိုးနဲ့တူတယ်။ အဲဒါ ဝိသုဒ္ဓိမဂ်ထဲမှာ ဟောထားတယ်။ အဲဒါလေးကို ဗမာမူနဲ့ ဗမာလို အနက်ပေးထားတယ်။ ငယ်ငယ်တုန်းက ရေးထားတာ၊ ကောင်းကောင်းတော့ မရတော့ဘူး။ ဒီပါဠိနဲ့ အနက်က-

ရဇ္ဇုယောဂါ ဒါရုယန္တံ၊ သဗျာပါရံဝ ခါယတိ။
ဧဝံ သုညံ နာမရူပံ၊ အညမညသမာယုတံ။

ဒါရုယန္တံ-သစ်ကိုထွင်းကာ  ဆာသွင်းကာဖြင့်  ပေါ်လွှာသိမ်းချုပ်  ဆေးခြယ်သုတ်လျက်  လူရုပ်လူဟန်  လူ သဏ္ဍာန်ဖြင့်  စီမံပြုလုပ်  သရုပ်ဖော်ထား  ရုပ်သေးရုပ်လေးများသည်၊ ရဇ္ဇုယောဂါ-ခြေကြိုး လက်ကြိုး ခေါင်းက လျှိုး၍  ဇက်ကြိုးတစ်ဖြာ  ကြိုးစုံစွာဖြင့်  ဆွဲကာလှုပ်ရှား  ကြိုးကစားလိုက်ခြင်းကြောင့်၊ သဗျာပါရံဝ-ခုန်ပျံ လှုပ်ရှား  သွားနေသည့်ပုံ  ထိုင်နေပုံတမျိုး  အချိုးစုံ ကပြလျက်  အဝဝဖက်ရှင်တို့ဖြင့် အသက်ဝင်လှုပ်ရှားနေစေဘိသကဲ့သို့၊ ခါယတိ-အမြင်ကိုလှည့်စား  အကြားကိုလှည့်ပတ်  တကယ့်ဇာတ်ပုံပမာ  ယုံစရာ အဆင်အပြင်များဖြင့်  တင်စား ထင်မှား၍နေစေ၏၊ ဧဝံ-ပမာထားယူ  အလားတူသာလျှင်၊ နာမရူပံ-သိတတ် မှတ်တတ် ခံစားတတ်သည့်  နာမ်ဓာတ်ခေါ်ငြား  အတွင်းသားနှင့်  ဖောက်ပြားဆတ်ဆတ်  ခြောက်ခြားတတ်သည့်  ရုပ်ဓာတ်ခေါ်ဆို  ဗဟိဒ္ဓ အထည်ကိုယ်ကြီးသည်၊ အညမညသမာယုတံ-ယူတတ် ယူအပ်  နှစ်ရပ်ပေါင်းစု  အနုနှင့်အမာ  အကာနဲ့အသား  အကြောင်းဆက်  ပေါင်းဖက်ကာထားသဖြင့်၊ သုညံ-အတ္တ ဇီဝခေါ်ဆိုကြလဲ  ဘာမျှမရှိ အသိမှောက်မှား  အလကား မျှသာဖြစ်၍၊ သဗျာပါရံဝ-ပြုံးဟန် ရယ်ဟန်  သွားလာဟန်ဖြင့်  ပုံသဏ္ဍာန်အစားစား  စကားက ကြွယ်ကြွယ်  အစား အစာ အမယ်မယ်တို့ဖြင့် တရယ်ရယ် တဟားဟား တကယ့် တကယ်အလားကဲ့သို့၊ ခါယတိ-သူပဲ ငါပဲ လူနတ်ပဲ ဟု  ထင်လွဲမသွေ  အမြင်မှား၍ နေစေပေသတည်း။

အဓိပ္ပါယ်လေးက အင်မတန်ကောင်းတယ်။ ရုပ်နဲ့နာမ်ဆိုတာ တစ်ခုက ယူတတ်တဲ့သဘောရှိတယ်၊ တစ်ခု က အယူခံရတဲ့သဘောရှိတယ်။ ဒီတော့ မျက်စိလေးနဲ့ ကြည့်လိုက်တယ်ဆိုလို့ရှိရင် မျက်စိပသာဒရဲ့ အောက်နား  နောက်နားမှာ ခိုနေတဲ့ သိတတ် မြင်တတ်တဲ့ နာမ်တရားလေးရှိတယ်။ အဲဒီမြင်တတ်တဲ့ နာမ်တရားလေးဟာ မျက်စိခေါ်တဲ့ Base တနည်းအားဖြင့် Eye Sensitivity အဲဒါလေး အမှီပြုပြီးသကာလ အဆင်းကို မြင်လိုက်ရတယ်။ ပြင်ပမှာရှိတဲ့ ဗဟိဒ္ဓရုပ်ကို မြင်ရတယ်။ တစ်ခုက ယူတတ်တဲ့သဘော၊ အတွင်းကနေပြီးတော့ ကြိုးကိုင်ပေးတတ် တဲ့သဘောရှိတယ်။

ရုပ်တရားဆိုတာကတော့ အပြင်ဘက်ကနေပြီး အဆင်းသဏ္ဍာန် အမျိုးမျိုးနဲ့ လုပ်ကိုင်ဆောင်ရွက်ပေးတတ် တဲ့သဘောရှိတယ်။ အဲဒီတော့ ဒီနှစ်ခုဟာ တစ်ခုနဲ့တစ်ခု အကြောင်းနဲ့အကျိုးအားဖြင့် ပေါင်းစပ်ဖက်တွယ်ပြီးတော့ နေတဲ့အတွက်ကြောင့် လူတွေမှာ ပုံသဏ္ဍာန်အမျိုးမျိုး၊ တစ်ယောက်နဲ့တစ်ယောက် အသွင်အပြင်အမျိုးမျိုး၊ ပြောပုံ ဆိုပုံ၊ စားပုံ သောက်ပုံ၊ နေပုံ ထိုင်ပုံ အမျိုးမျိုးဖြစ်နေကြတဲ့အတွက်ကြောင့် တစ်ယောက်နဲ့တစ်ယောက် တစ်ဦးနဲ့ တစ်ဦး ခင်မင်ခြင်းဆိုတဲ့ Attachment တွေဖြစ်လာတယ်။ မနာလိုခြင်း၊ မကြည့်ချင်၊ မရှုချင်၊ မကြားချင်ခြင်းဆိုတဲ့ ဒေါသ (ill will, aversion) တွေဖြစ်လာတယ်။ အဲဒါတွေဟာ နာမ်နဲ့ရုပ်တို့ရဲ့သဘောကို ပိုင်ပိုင်နိုင်နိုင် မသိလို့ဘဲ။ အဲဒီရုပ်နာမ်တို့ရဲ့ အကျိုးအကြောင်းတရားတွေကို ပိုင်ပိုင်နိုင်နိုင် သိသွားရင် အို..ဒါတွေဟာ သူ့အကြောင်းနဲ့သူ ပေါ်ပြီးတော့လာတာပဲ၊ ဘယ်သူကမှ ဖန်တီးလိုက်လို့ဖြစ်ပေါ်လာတာ မဟုတ်ဘူး၊ ငါတို့လုပ်ခဲ့တာတွေ ဘဝသံသရာ က ငါတို့ကိုယ်တိုင် လုပ်ခဲ့တဲ့အတွက်ကြောင့် အကျိုးဆက် အနေနဲ့ ငါတို့ကိုယ်ထဲမှာ ရုပ်နဲ့ နာမ်နဲ့  ကံရယ်၊ စိတ် ရယ်၊ ဥတုရယ်၊ အာဟာရရယ် အခြယ်အလှယ်ခံပြီးနေကြရတာပဲ။ အဲဒီလို နားလည်သွားတယ်။ နားလည်သွားတဲ့ အခါကျတော့ ဘာမှ ဘဝသံသရာကြီးကို တွယ်တာမှု မရှိတော့ဘူး။ သား မယား ဆွေမျိုး ဉာတကာ ဆိုတာတွေကလဲ ကြုံလို့ ဆုံလို့ ရှိလာတာတွေ၊ ကြုံလို့ ဆုံလို့ ဒီဘဝမှာလာတွေ့ရပေမဲ့ ဘယ်ကလာလို့ ဘယ်ကိုသွားမယ်ဆိုတာလဲ မသိရဘူး။ ဘယ်မှာဆုံပြီး ဘယ်မှာကွဲမယ်ဆိုတာလဲ မသိရဘူး။ ကွဲပြီးတဲ့အခါကျတော့ ဘယ်နေရာ ဘယ်ဘုံဌာန ရောက်မယ်ဆိုတာလဲ မသိရဘူး။ အဲဒါကြောင့် သံယုတ်ပါဠိတော်ကြီးက အနက်အဓိပ္ပါယ်(၁၁)ချက်နဲ့ မိမိခန္ဓာကိုယ် ကြီးကို ပြန်လည်သုံးသပ်တတ်ဖို့ရန် ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋ္ဌာန်းပါဠိတော်တရားကို အခြေခံပြီးသကာလ သင်ကြားပေး ထားတယ်။ အားလုံးပေါင်း အနိစ္စတော  ဒုက္ခတော စသည်ဖြင့် “တော”တွေပါတဲ့အတွက်ကြောင့် ဗမာဆရာတော် ကြီးတွေက “တော”(၁၁)လုံး တရားလို့ ခေါ်ကြတယ်။ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်ကြီးမှာ “တော” ဆိုတဲ့စကားလုံး အင်မတန် မှတ်သားစရာကောင်းတယ်။ ဒီတော့ ‘အနိစ္စ’ဆိုတာကတော့ လူတိုင်းလိုလိုသိနေကြတယ်။ အနိစ္စ=မမြဲ ဘူး သိနေကြတယ်။ သို့သော်လဲ ဒီမမြဲဘူးဆိုတာက သေသွားတဲ့အခါကျတော့မှ ဒီဘဝက ပျောက်ဆုံးသွားတာကို မမြဲဘူး၊ ဒီလောက်ပဲ ထင်နေကြတယ်။ အပေါ်ယံလောက်ပဲ မမြဲတာသိနေကြတယ်။ အတွင်းကျကျ နှိုက်ကြည့်လိုက် တဲ့အခါ နေ့စဉ်နဲ့အမျှ နာရီနဲ့အမျှ ရုပ်နာမ်တရားတွေဟာ ဖောက်ပြန်နေကြတယ်၊ ပျက်ပြီးတော့နေကြတယ်၊ ပြောင်းလဲနေကြတယ်ဆိုတာ အဲဒီထိအောင် သိထားဖို့လိုတယ်။

(၁) အနိစ္စတော– မြက်ဖျား နှင်းပေါက်,  နေခြည်ရောက်က, ပျောက်ပျက်ရွေ့သွား,  ပမာလားသို့,  လျင်လျား လက်လက်,  လျှပ်ရောင်ပျက်သော်,  ချက်ချင်း မြင်ရ,  ပျောက်ကွယ်ပသို့,  ခဏမစဲ,  အမြဲမနေ,  ပျက်၍ပျက်၍ နေတတ်ချေပါတကားဟူ၍၊ ဝိပဿေယျ-အဖန်ဖန်ရှုရမည်။
မိမိရဲ့ ခန္ဓာကိုယ်ထဲမှာ အဲဒီလို ရုပ်တရားတွေ ဖောက်ပြန်ပျက်စီးနေတဲ့သဘောတရားကို ဥပမာလေးနဲ့ တင်ပြီးတော့ကြည့်၊ မနက်စောစောမှာ အရုဏ်တက်ပြီးတော့ နေရောင်မထွက်ခင် မြက်ဖျားလေးတွေမှာ နှင်း ကလေးတွေ ခိုပြီးတော့ မြက်ဖျားလေးတွေမှာ ပုလဲလုံးလေးတွေလို လှကလှနဲ့ သိပ်ကြည့်လို့ကောင်းတယ်။ တော်တော်ကြာ နေလေးရင့်လာတဲ့အခါကျတော့ အထူးသဖြင့် အရှေ့နိုင်ငံလို နိုင်ငံတွေမှာပေါ့လေ၊ ချက်ချင်းနေပူ လာတာနဲ့ တခါထဲ ပျောက်ကွယ်သွားတာပဲ။ ဒီတော့ လက်လက် လက်လက်နဲ့ ခဏလေးမြင်တွေ့ရသော်လည်းပဲ ချက်ချင်းပျောက်ကွယ်သွားတဲ့ သဘောတရားနဲ့ ခန္ဓာကိုယ်ထဲမှာ ဒီအတိုင်းပဲကြည့်ရမယ်။ (၁၃)နှစ်  (၁၄)နှစ်  (၁၅)နှစ် အရွယ်တုန်းက မောင်ဖြူ၊ မဖြူ အစရှိသည်ဖြင့် လှလှပပ  ကျကျနန  ဝဝဖြိုးဖြိုးနဲ့ သွားလို့  လာလို့  ပျော်လို့  ပါးလို့  ခုန်လို့  ပေါက်လို့ ဘာမှမဟုတ်ဘူး။ တော်တော်ကြာကျတော့ အသက်ကလေး နည်းနည်းထောင့် လာတာနဲ့ ဟိုအနားလေးကချိုင့်၊ ဒီနားလေးကရွဲ့၊ ဆံပင်တွေကဖြူ၊ အရေတွေ ဘာတွေက တွန့်နဲ့ စသည်ဖြင့် အဲဒီလိုဖြစ်လာတဲ့သဘောလေးကို ဝိပဿနာရှုပေးပါတဲ့။ ဒါပဋ္ဌာန်းပါဠိတော်မှာ ဟောထားတဲ့ အနက်အဓိပ္ပါယ်တွေ ရဲ့ အပေါ်ယံ အကြမ်းစား အဓိပ္ပါယ်လေးပဲ။

(၂) ဒုက္ခတော-ငြိမ်းချမ်း သက်သာ  စေ့စေ့ရှာလဲ  ကျင်နာခံခက်  လွန်နှိပ်စက်လျက်  မသက်မသာ  ပေးတတ်ပါ၍  ကြီးစွာသော ဆင်းရဲမှုဟူ၍လည်းပဲ၊ ဝိပဿေယျ-ရှုရာ၏။ ခန္ဓာကိုယ်က ကြည့်လိုက်တဲ့အခါကျတော့ ကိုယ်က တယ်ပြီးတော့ သက်သက်သာသာလေး နေချင်တာပဲ။ ကျင်နာတာ မလိုချင်ဘူး၊ ကိုက်တာ ခဲတာ မလိုချင်ဘူး၊ မူးမေ့တာ မလိုချင်ဘူး၊ ဒါပေမဲ့လို့ သူ့သဘောသူဆောင်ပြီး သကာလ ခန္ဓာကိုယ်ထဲမှာ အဲဒါတွေ ရှာလို့ မရနိုင်ဘူး။ အမြဲမပြတ် နှိပ်စက်နေတဲ့အတွက်ကြောင့် မသက်မသာ ဒုက္ခကြီးစွာကို ပေးတတ်တဲ့ ဆင်းရဲတုံးကြီးပဲလို့ ရှုပေးပါတဲ့။

နောက်ပြီးတော့ နောက်တစ်ခုက (၃) ရောဂတော-လူးလှိမ့်မပြေ  ငြိမ်မနေရ  ကိုက်လွန်းလှ၍  ခဏ ကလေး  မအေးတစ်ချက်  သက်သာမရ  ပူလွန်းလှ၍  ဆွဆွလှုပ်ရှား  ကြီးမားလှတဲ့ ရောဂါဆိုးကြီးနဲ့ တူလှပါပေ တကားဟူ၍၊ ဝိပဿေယျ-ရှုရာ၏။ ကိုယ့်ကိုယ်ကိုလဲ သိတာပဲ။ သူတစ်ပါးတွေ အဲဒီလို ဒုက္ခခံနေရတာလဲ သိတာပဲ။ သက်သက်သာသာ နေချင်ပေမယ်လို့ တခါထဲ သက်သက်သာသာ မနေရ။ ဒီဘက် လူးလှိမ့်ပြီးတော့ ဟိုဘက်ကို လှိမ့်လိုက်၊ လူးလှိမ့်ပြီး တော့နေတဲ့ကြားက သက်သာမလားလို့ နေလိုက်ပေမဲ့လို့ သက်သာရာမရဘူး၊ အဲဒီလိုဖြစ်တဲ့ဥစ္စာ ငါ့ခန္ဓာကိုယ်ထဲမှာ လည်း ရှိတယ်။ သူ့ခန္ဓာကိုယ်ထဲမှာလည်း ရှိတယ်။ အကြောင်းကောင်းနေတဲ့အခါမှာ ငါ့ခန္ဓာကိုယ်မှာ ပူခြင်း  ပင်ခြင်း  ကိုက်ခဲခြင်းတွေ မရှိပေမဲ့လဲ ဒါတွေဟာ ခဏလေးပဲ။ ဒါတွေဟာ ကိုယ့်ခန္ဓာကိုယ်ထဲမှာ အပြည့်ရှိတယ်ဆို တာကို ဗုဒ္ဓဘုရားရှင်က မကြာမကြာ စဉ်းစားပေးပါတဲ့။

ပြီးတော့ နောက်တစ်ခုက (၄) ဂဏ္ဍတော-သွေးတအီအီ  ပြည်တစိုစို  ယိုကျကျစီးစီး  ဟောင်နံ့ညီးသည့်  အိုင်းအမာကြီးနှင့် တူလှချေပါတကားဟူ၍လည်းပဲ၊ ဝိပဿေယျ-ရှုရမယ်တဲ့။
အိုင်းအမာဆိုတာ တစ်ချို့လူတွေမှာ ပေါက်တတ်တယ်။ ဘယ်နိုင်ငံမဆိုရှိတယ်။ တခါထဲ လက်နဲ့ကုတ်လို့ မရ၊ လက်လှမ်းကမမှီ၊ အနာကြီးတွေက အိုင်းပြီးတော့ကျနေ၊ ပြည်တွေကထွက်၊ သွေးတွေကထွက်၊ အနံ့ကလဲ ဆိုး လိုက်သေးတယ်၊ အမြင်ကလည်း မကောင်းဘူး။ အဲဒါကြီးက ဘယ်မှာဖြစ်တတ်သလဲဆိုတော့ ခန္ဓာကိုယ်မှာ ဖြစ် တယ်တဲ့။ တောတွေ  တောင်တွေထဲမှာ အဲဒါမျိုးတွေ မရှိဘူးတဲ့။ ဗဟိဒ္ဓ ပြင်ပဝတ္ထုမှာ မရှိဘူးတဲ့။ ရုပ်ခန္ဓာကိုယ် မှာရှိတယ်။ ရုပ်ခန္ဓာကြီး ငါရထားတယ်၊ ဒီရောဂါတွေနဲ့ ငါ့ခန္ဓာကိုယ်နဲ့က လွှဲလို့  ဖယ်လို့ မရလောက်အောင် တွဲနေပါကလားဆိုတာ ကြည့်ပေးရမယ်။

(၅) သလ္လတော-မလှုပ်မယှက်  ငြိမ်သက်ငူငူ  နေပါမူလဲ  လောင်ပူခြစ်ခြစ်  တိုးဝင်နစ်သို့၊ စစ်စစ်ကိုက်ခဲ  ခံရဆဲတွင်  စွဲသည့်ဒဏ်ရာ  ထိမိပါမူ  ပြင်းစွာပေါက်ကွဲ  အသဲကြွေမျှ  ခံခက်လှသည့်  ရင်ဝဝင်စူး  ငြောင့်တစူးကြီး နဲ့လဲ တူလှချေပါတကားဟူ၍၊ ဝိပဿေယျ-ရှုရာ၏။
ခန္ဓာကိုယ်ကြီးကို ငြောင့်တံကျင်သဖွယ် ရှုပေးပါတဲ့။ ငြောင့်တံကျင်သဖွယ်ဆိုတာက ခြေထောက်မှာ ဆူးစူး ထားလိုက်တယ် ဆိုပါစို့။ ခြေထောက်မှာ အကြောင်းမတန်လို့ ဆူးစူးထားတယ်၊ (သို့မဟုတ်) အုတ်ခဲချွန်ချွန်လေး စူးထားတယ်ဆိုလို့ရှိရင် ဘယ်လောက်ခံရခက်သလဲ၊ အင်မတန်ကို အခံရခက်တယ်။ အဲဒီလို အခံရခက်တဲ့အတွက် ကြောင့် စူးနေလို့မို့ နာလှပါတယ်လို့ ငြိမ်ငြိမ်သက်သက်နေလိုက်တဲ့အခါ သူက တခါထဲ စစ်စစ်နဲ့ ကိုက်လာတယ်။ ကိုက်လာပြီးတော့ ဒီအနာလေးကို ဓားလေးနဲ့ ဘာလေးနဲ့ စသည်ဖြင့် ထိုးဆွ၊ လှီးဖြတ်ပြီးတော့ သက်သာရာ သက်သာကြောင်း ကုသလိုက်တဲ့အခါကျတော့လဲ သွားထိရင် နာလိုက်တာ၊ အသဲကြွေမတတ် အင်မတန် အခံရ ခက်တဲ့ ဒီသဘောတရားကို ဘယ်သူက ပေးထားတာလဲ¿ ဘယ်သူက ယူလာတာလဲဆိုရင် ဟောဒီခန္ဓာကိုယ်ကြီး က ယူလာတာ ဖြစ်ပါတယ်တဲ့။ ခန္ဓာကိုယ်ကြီးရဲ့သဘောလက္ခဏာတွေကို အဘက်ဘက်က ကြည့်ပါလို့ဆိုလိုပါ တယ်။
ယခုဆရာဝန်တွေ သမားတော်တွေအနေနဲ့ ကုသနေကြတဲ့ ရောဂါသည် အမျိုးမျိုးကို တစ်ချို့က ချောင်းဆိုး လို့၊ တစ်ချို့က ဗိုက်နာလို့ အစရှိသည်ဖြင့် ရောဂါအမျိုးမျိုးနဲ့ ကြုံတွေ့လာတဲ့အခါကျတော့ ဒီရောဂါ ဒီဆေးသောက် ဟဲ့၊ ဒီဆေးစားဟဲ့။ အဲဒီလို ကုသလိုက်တဲ့အခါကျတော့ အတော်အတန် ပျောက်သွားတယ်။ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာပြီလားဆိုမှဖြင့် ဒီဖြစ်ပေါ်လာတဲ့ ရောဂါဟာ အဲဒီလို တော်တော်နဲ့ ဆေးကုလို့ မရဘူးတဲ့။ ဒါကြောင့်မို့ ခန္ဓာကိုယ်ရဲ့ သူ့သဘောသူဆောင်ပြီး ဖြစ်တတ်တဲ့သဘောတရားလေးတွေကို ကြိုတင်ပြင်ဆင်ပြီးတော့ နှလုံးသွင်း ထားပါတယ်လို့ ဆိုပါတယ်။

နောက်တစ်ခုက နံပါတ်(၆)က ဘာလဲဆိုတော့ အဃတော-ခြေတုန်လက်တုန်  အင်အားကုန်၍  တုန်တုန် ချိချိ  မလှည့်မတိမ်း  မသိမ်းမဆည်း  ဒယီးဒယိုင်  ထိန်းမနိုင်အောင်  စုပြိုင်ဖိစီး  အလွန်တရာဆိုးဝါးလှတဲ့ ရောဂါ ဆိုးကြီးနှင့်တူ၏ဟူ၍လဲပဲ၊ ဝိပဿေယျ-ရှုရာ၏။
ကိုယ်ကိုယ်တိုင်မဖြစ်သေးလို့ ဒီသဘောရှိတယ်၊ ဖြစ်တတ်တယ်၊ သူတကာတွေဟာ တချို့အသက်ကြီးလာပြီ၊ လက်ကတုန်တုန်၊ ခြေကတုန်တုန်၊ သွားလို့လာလို့ မကောင်းဘူး။ အဲဒီလို တုန်တုန်ချိချိ ဒယီးဒယိုင်ဖြစ်လာတဲ့အခါ မှာ စားလို့လဲ အရသာမရှိဘူး၊ အိပ်လို့လဲ မပျော်ဘူး အစရှိသည်ဖြင့် အမျိုးမျိုး အဘက်ဘက်ကနေပြီးတော့ တခါထဲ ဖိစီးနေတော့တာပဲ။ အဲဒီရောဂါဆိုးကြီးဟာ သူ့မှာရှိသလို ငါ့မှာလဲရှိတယ်။ ငါ့မှာ အကြောင်းအားလျော်စွာ ငါ့ကျန်းမာရေးကောင်းနေလို့ မဖြစ်ပေမဲ့ ဒီရောဂါမျိုးဟာ ငါ့ခန္ဓာကိုယ်ထဲမှာ အပြည့်ရှိတယ်။ အဲဒါ မကြာမကြာ ဝိပဿနာရှုပေးပါ၊ ဝိပဿနာဆိုတာ အမှန်သဘောတရားကို စိုက်စိုက်စူးစူး သိအောင် မြင်အောင် ရှုတာကို ဆိုလို တယ်။ အဲဒါရှုပေးပါတဲ့။

နောက်တစ်ခု နံပါတ်(၇)ကျတော့ အာဗာဓတော-မျက်စိ ပြူးလန်  ဒူးဆန်ကွေးကောက်  ဖောက်ပြန်ဆက် ဆက်  တုန်၍တက်တဲ့  ဝက်ရူးပမာ  ခွေးရူးနာကြီးနဲ့လဲ တူလှပါပေတကားဟူ၍လဲပဲ၊ ဝိပဿေယျ-ရှုရာ၏။
ရောဂါတွေဟာ အင်မတန် ဆန်းကြယ်တယ်။ တစ်ချို့ဟာ ဆရာဝန်တွေ ရှေ့မှောက်ရောက်လာပြီး သူ့ဟာနဲ့ သူ ငြိမ်ငြိမ်မနေနိုင်ဘူး။ ဘုန်းကြီးတို့လဲ မကြာခင်က ဆေးရုံသွားရတယ်၊ ဆေးကိစ္စအနေနဲ့ သွားပြီးစစ်ဆေးတဲ့အခါ ကိုယ်ကတော့ အသင့်အတန်ခံနိုင်သေးတယ်၊ နှလုံးကလဲ သွင်းတတ်လို့၊ အို..တစ်ချို့ကလေးတွေဟာ ငြိမ်ငြိမ်မနေ နိုင်ရှာဘူး။ တခါထဲ ဇက်ကြီးက ကျိုးကျ၊ ဟိုဘက်ကလှုပ်လှုပ်၊ ဒီဘက်ကလှုပ်လှုပ်နဲ့၊ အမေတွေ၊ မိဘတွေက ချော့ ပြီးတော့ တခါထဲ ပြုပြင်ပေးနေရတယ်။ တစ်ခါတလေ အဲဒီလို ကြည့်နေတဲ့ကြားထဲက မျက်စိကြီးတွေ ပြူးလန်လာ ပြီးတော့ ခြေထောက်တွေ  လက်တွေ ကွေးကောက်ပြီးတော့ တက်လိုက်တာ။ အော်..ဒါဟာ တခြားမဟုတ်ဘူး။ ရုပ်ရဲ့သဘော၊ ရုပ်ခန္ဓာကိုယ်ကြီးကို ရထားလို့ ဖြစ်ပေါ်လာတာပဲ။ ဒါကြောင့် ဗုဒ္ဓဘုရားရှင်က ရုပ်တရား နာမ်တရား တွေ ကင်းရာဖြစ်တဲ့ ဒုက္ခတွေအားလုံး ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ဆိုတာ ရှိတယ်။ အဲဒီနိဗ္ဗာန်ကို ရအောင် မင်းတို့ အားထုတ်ကြလို့ ဝိပဿနာတွေပေးထားတာပဲ။ နောက်ပြီးတော့လဲ သတ္တဝါတွေက ကိုယ့်မှာရှိတဲ့ဟာလေးကို ငါ့ဟာ ပဲ၊ ငါ့ဟာပဲ၊ ငါ့ခန္ဓာကိုယ်ကြီးပဲ၊ ငါ့ရုပ်ပဲ၊ ငါ့နာမ်ပဲ၊ ငါ့ရဲ့ပစ္စည်းဥစ္စာတွေပဲ၊ ငါ့ရဲ့အိုးတွေအိမ်တွေပဲလို့ တမ်းတမ်းစွဲစွဲ တပ်မက်တတ်တယ်။ တကယ်စဉ်းစားကြည့်လိုက်တော့လဲ ကိုယ့်ဟာရယ်လို့ ဘာမှမရှိဘူးတဲ့။ တစိမ်းပြင်ပြင် သူစိမ်းနဲ့ အင်မတန်တူလှပါတယ်တဲ့။

အဲဒီအဓိပ္ပါယ်နဲ့ နံပါတ်(၈)က ပရတော-ငါ့ဟာ ငါ့ဟာ  ထင်မှတ်ပါလဲ  ထင်ရာမပေါက်  အတွင်းကောက်၍  လောက်လောက်လားလား  ထားတိုင်းမနေ  စေတိုင်းမရ  ဖောက်ပြန်လှ၍  စစတိမ်းယိမ်း  တစိမ်းပြင်ပြင်  ရန်သူ သွင်ကဲ့သို့လဲ၊ ဝိပဿေယျ-ရှုရာ၏။ ကိုယ့်ခန္ဓာကိုယ်ကြီးဟာ ကိုယ့်မိတ်ဆွေလို့ ထင်မနေနဲ့။ တကယ်စင်စစ်ကျတော့ မိမိက ဘယ်လိုပဲထင်နေ ပေမဲ့ ကိုယ်ထားသလို သူမနေဘူးတဲ့။ ကိုယ်စေသလို သူမသွားဘူးတဲ့။ သူဖြစ်ချင်တဲ့အခါကျတော့ ဖြစ်ချင်သလို ဖြစ်လာတာပဲ။ အဲဒါကို ဆိုလိုတယ်။ “ပရတော-ငါ့ဟာ ငါ့ဟာ  ထင်မှတ်ပါလဲ  ထင်ရာမပေါက်  အတွင်းကောက်၍  လောက်လောက်လားလား  ထားတိုင်းမနေ  စေတိုင်းမရ  ဖောက်ပြန်လှ၍  စစတိမ်းယိမ်း  တစိမ်းပြင်ပြင်  ရန်သူသွင်ကဲ့သို့လဲပဲ၊ ဝိပဿေယျ-ရှု ရာ၏။”
အိပ်ယာမဝင်ခင်စပ်ကြား ခန္ဓာကိုယ်ကြီးကို နှလုံးသွင်းပေးပါ။ အကုန်မဟုတ်ဘူး၊ တစ်နေရာက တစ်ဒေါင့် က နေပြီးတော့ ဒီရုပ်ကြီးရဲ့သဘောတရားကြီးကို နှလုံးသွင်းပေးပါတဲ့။

နောက်နံပါတ်(၉)ကျတော့ ပလောကတော-တိုက်တာအိမ်ခြေ  ပြည့်သိပ်နေ၍  အခြေကျကျ  စည်ကားလှ သည့်  ရွာမရွာကြီး  မြို့သီးသီးတို့  လောင်မီးခဏ  စွဲဝင်ကျသော်  တစ်ခဏချက်ချင်း  ပျက်ပြိုယွင်း၍  မြင်ကွင်းမှ ပျောက်  ကုန်ခြင်းသို့ ရောက်တတ်ပါတကားဟူ၍လဲပဲ၊ ဝိပဿေယျ-ရှုရာ၏။
အိုးတွေ အိမ်တွေ တိုက်တာတွေနဲ့ ပြည့်ညှပ်ပြီးတော့နေတဲ့ ရွာကြီးတွေရှိတယ်။ ဗမာပြည်မှာဆိုရင် တစ်ချို့ရွာကြီးတွေ အိမ်ခြေလေးရာ ငါးရာ အဲဒီလောက်ရှိတယ်။ တခါထဲ တိုက်တာ အိမ်ခြေတွေနဲ့၊ သစ်ပင်တွေ၊ တောတောင်တွေနဲ့ အင်မတန်ကြည့်လို့ကောင်းတာပဲ။ အဲဒီလို အင်မတန်ပြည့်ညှပ်ပြီး လှပတင့်တယ်နေတဲ့ရွာကြီး တွေ  မြို့ကြီးတွေဟာ မီးများလောင်လိုက်ပြီလားဆိုမှဖြင့်ရင် ချက်ခြင်း မျက်စိမြင်ကွင်းက ပျောက်သွားသလိုပဲ။ အော်..ငါ့ရဲ့တူလေးတွေ၊ တူမလေးတွေ၊ မြေးလေးတွေ၊ မြေးမလေးတွေကြည့်လို့ သိပ်ကောင်းတာပဲ။ ပြေးလွှား ခုန်ပေါက်နေလိုက်ကြတာ၊ ကျောင်းတက်ရင်းနဲ့ ကျောင်းကပြန်လာရင်း စားသောက်ပျော်ရွှင်နေလိုက်ကြတာ၊ ဟော ခဏလေး၊ တော်တော်ကြာကျတော့ တစ်စုံတရာဖြစ်ပြီးတော့ ခဏလေး ပျောက်ကွယ်သွားတတ်ရော၊ ရောဂါကြီး တွေဖြစ်ပြီး ချက်ခြင်းပျောက်သွားရော။ အဲဒါကြောင့်မို့လို့ အဲဒီလို ရွာပျက်ကြီးလို ခဏလေးနဲ့ ပျက်စီးသွားတတ်တဲ့ အတွက်ကြောင့် ရုပ်တရားရဲ့ သဘောတရားကို ဤကဲ့သို့ ရှုပါတဲ့။ ပဋိစ္စသမုပ္ပါဒ်တရားထဲမှာတော့ အဲဒီတရားတွေဟာ ဘာနဲ့သင်ပြထားသလဲဆိုတော့ “သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ”ဆိုတဲ့ ဒီပါဠိတွေနဲ့ သင်ပြထားတယ်။ ဒီပါဠိတွေက အနက်အဓိပ္ပါယ်နဲနဲခက်နေတယ်။

နောက်တစ်ခုက နံပါတ်(၁၀) သုညတော-လေဟာပြင်ကျယ်  အမြင်ထယ်လဲ  အကယ်စေ့စပ်  ကိုင်သုံးသပ် သော်  အမြတ်အစစ်  အနှစ်အသား  ရှာမှ ရှားသို့  စီးပွားကောင်းကျိုး  ရလိမ့်နိုးဟု  အားကိုးမရ  ဆိတ်သုဉ်းလှ သဖြင့်  သုညစစ်စစ်  ဖြစ်ပါပေသည်တကား။

နောက်ဆုံးနံပါတ်(၁၁)ကတော့ အနတ္တတော-ကောင်းမြတ်ခံ့ခိုင်  ကပ်လုံးတိုင်မျှ  မယိုင်မပြို  နဂိုရ်ပကတိ  အမြဲရှိလျက်  သတ္တိထူးခြား  ခံစံစားဟု  ထင်မှားတတ်ကြ  အတ္တခေါ်စရာ  လိပ်ပြာဝိညာဉ်  မရှိစင်သဖြင့်  အမြင် မှောက်မှား  အနတ္တတရားသာပါတကားဟူ၍၊ ဝိပဿေယျ-ရှုရာ၏။
အနတ္တကတော့ ခုနပြောတဲ့ အဓိပ္ပါယ်လေးက ကျဉ်းကျဉ်းလေးပြောခဲ့တယ်။ အနတ္တဆိုတာ ဘာလဲဆိုတော့ တဲ့ ဒီအပေါ်ယံလေးတင်ကြည့်လို့ မရဘူးတဲ့။ အတွင်းကိုကြည့်မှ အနတ္တသဘောကပေါ်လိမ့်မယ်တဲ့။ အထဲမှာ ဆိုထားတာ “ကသမ္ဘုရိဝ ရိတ္တကာ”တဲ့။ ‘ကသမ္ဘု’ဆိုတာက ပင်လယ်ကမ်းခြေမှာ တွေ့ရတဲ့ ခရုလေးတွေ၊ နောက်ပြီး တော့ ကြွေကောင်လေးတွေလို့ခေါ်တဲ့ အကောင်လေးတွေ၊ အပြင်ကနေကြည့်လိုက်ရင်ဆိုမှဖြင့် အရောင်အဆင်း အမျိုးမျိုးနဲ့လှပပြီး ချစ်စရာလေးတွေ၊ ကောက်ယူပြီးသိမ်းထားချင်စရာလေးတွေ၊ သို့သော်လဲ အတွင်းကို ကြည့်လိုက် တဲ့အခါကျတော့ အတွင်းသားဟာ နံစော်ညစ်ပတ်ပြီးတော့နေတယ်တဲ့။ အဲဒီအတွင်းသားမှာ အနှစ်သာရရယ်လို့ ရှာကြည့်လို့လဲ မရဘူးတဲ့။ အဲဒါကြောင့်မို့ စာတစ်ပုဒ်က ဘယ်လိုဆိုထားသလဲဆိုတော့-

အနတ္တာ မေ ပဉ္စက္ခန္ဓာ၊ ကသမ္ဘုရိဝ ရိတ္တကာ။
တုစ္ဆာ ဒဗ္ဗနဆာယာဝ၊ သုညပေက္ခိပထော ယထာ။

ဣမေ ပဉ္စက္ခန္ဓာ-ဤခန္ဓာငါးပါး  ရုပ်နာမ်တရားတို့သည်၊ အနတ္တာ-မရင့်စေလို  မအိုချင်ပါ  မနာပါစေ  မသေချင်ပါကြောင်း  ဆုမွန်တောင်းလဲ  တောင်းတိုင်းမရ  တတိုင်းမမြင်  ထင်တိုင်းမပေါက်  အလျောက် ဘာသာ  အာဏာဘုရင်  ကြောင်းလေးအင်တို့  စီစဉ်လေသမျှ  ခံနေရသည် အနတ္တတရားတို့သာလျှင်တည်း။
အဲဒီခန္ဓာကိုယ်လို့ခေါ်တဲ့ ခန္ဓာငါးပါး၊ တနည်းအားဖြင့် အကျဉ်းချုပ်ပြောရရင် ရုပ်နာမ်တရား၊ ဒီဟာတွေ ဟာ မိမိရဲ့ ဂဂဂဂဂဂသူတို့ဆိုထားတာက အတ္တကို သရုပ်ဖော်လိုက်တဲ့အခါကျတော့ အိန္ဒိယနိုင်ငံမှာ ဥပနိသျှတို့ ဘာတို့ အစရှိတဲ့ ဝေဒကျမ်းတွေမှာဆိုထားတဲ့ အတ္တရဲ့သရုပ်က အက္ချရံ-ဘယ်တော့မှ မပျက်စီးဘူးတဲ့။ သူရဲ့ခန္ဓာ ကိုယ်ကြီး ပျက်စီးသွားသော်လည်း အတ္တလေးဟာ ဘယ်တော့မှ မပျက်စီးဘူးတဲ့။ English လိုဆိုရင်ဖြင့် Imperishable လို့ခေါ်တယ်။ ပြီးတော့သူက အားလုံးသောအရာဝတ္ထုတို့ဖြစ်ပေါ်လာရတာဟာ ရေသောက်မြစ်ဟာ သူကနေပြီး ရေသောက်မြစ်ခံပြီးဖြစ်ပေါ်လာရတာတဲ့။ သစ်ပင်တို့၊ တောတောင်တို့၊ ရေမြေတို့၊ သမုဒ္ဒရာတို့ဖြစ်ပေါ် လာရတာ အဲဒီအတ္တကနေပြီး ဖြစ်ပေါ်လာရတာ။ သတ္တဝါတွေမှာ ဆိုလို့ရှိရင်လည်းပဲ ခန္ဓာကိုယ်ထဲမှာ နဂိုရ်တုန်းက ဘာမှမရှိဘူး၊ အမိဝမ်းထဲမှာ ဘာမှမရှိဘူး။ အဲဒီအတ္တလေးက ဝင်ရောက်ကိန်းအောင်းပြီးသကာလ သူက ဝင် ရောက် ဖန်တီးလိုက်တဲ့အတွက်ကြောင့် လှပတဲ့သူကျတော့ မျက်လုံးမျက်ဖန်၊ ဘာညာမှစပြီးတော့ အချိုးကျလှပလို့၊ အရုပ်ဆိုးတဲ့သူကျတော့ တခါထဲ အရုပ်ဆိုးလို့ အဲဒီလိုဖြစ်ပေါ်နေအောင် ဘယ်သူက လုပ်တာလဲဆိုတော့ Individual Soul လို့ခေါ်တဲ့ အဲဒီအတ္တလေးက လုပ်ပေးတာတဲ့။ ‘သဗုဒ္ဓယောနိ’လို့ ဆန်းစကရစ် ဘာသာနဲ့ခေါ် တယ်။ The source of all created things ဖန်တီးလို့ရသမျှ အရာဝတ္ထုအားလုံးတို့ရဲ့အကြောင်းရင်းလေးဟာ သူပဲတဲ့။

ဗုဒ္ဓဘုရားရှင်က ရုပ်နာမ်ဓမ္မသင်္ခါရတို့ရဲ့ အကျိုးအကြောင်းကို သေသေချာချာ နှိုက်ပြီးတော့ ဆင်ခြင်စဉ်းစား နှလုံးသွင်းပြီးတဲ့ ဟောပြောလာတဲ့အခါကျတော့ အဲဒါတွေ ဘာမှမရှိတော့ဘူး၊ အဲဒါကြောင့် အနှစ်သာရ ဘာမှမရှိ တဲ့အပြင်တဲ့ သူတို့ပြောသလို အားလုံးသော ဖန်တီးဖြစ်ပေါ်မှုမှန်သမျှတို့ရဲ့ အကြောင်းရင်းဆိုတာလဲ မဟုတ်တဲ့ အပြင် (The source of all created things) ဆိုတာ စဉ်းစားကြည့်စမ်း၊ ဘယ်လူ  ဘယ်နတ်  ဘယ်ဗြဟ္မာ၊ ဘယ် ကျောင်းကြီး၊ ဘယ်ကန်ကြီး၊ ဘယ်တော့ ဘယ်အခါဖြစ်ပေါ်လာတာ Creator God ဖန်ဆင်းထားတာပဲလို့ အဲဒါ လကို လက်ညှိုးထိုးနေ၊ နေကို ထိုးပြီး အတ္တသရုပ်ကို ဖော်ထားတာ၊ ဗုဒ္ဓဘုရားရှင်က ဒါမဟုတ်ဘူး၊ သတ္တဝါတွေရဲ့ ကံအားလျော်စွာ ရေတွေ၊ မြေတွေ၊ တောတွေ၊ တောင်တွေဆိုတာ သူ့အကြောင်းနဲ့သူ့ဥတု အကြောင်းခံပြီး ဖြစ်ပေါ်လာတယ်။ အဲဒါတွေကတော့ တစ်ကဏ္ဍအရှည်ကြီး သွားရလိမ့်မယ်။ ဒါတွေ အသာထားလိုက်အုံး၊ သူ့အကြောင်းနဲ့ သူဖြစ်ပေါ်လာတာ၊ ဘယ်လူကမှ ဖြစ်ပေါ်လာတာ၊ ဘယ်သူကမှ ဖန်ဆင်းတာမဟုတ်ဘူး။ အထူးအားဖြင့်တော့ Element of Heat ကြောင့် ကမ္ဘာမြေကြီးနဲ့ ရေ၊ မြေ၊ တောတောင်တွေ ဖြစ်ပေါ်လာနေတာ၊ သူတကာ ဖန်ဆင်းလို့ ဖြစ်ပေါ်လာတာမဟုတ်ဘူး၊ အဲဒီအဓိပ္ပါယ်ကို ပြောပြတယ်။ ဒါကြောင့် ခုနတုန်းက “ဒပ္ပနတော ဆာယာဝ-ပြုံး ဟန်  ရယ်ဟန်  သွားလာဟန်ဖြင့်  သဏ္ဍာန်တူစွာ  မြင်ရပါလည်း  ခေါ်ရာမထူး  ဦးလည်းမညိတ်  ဓာတ်ရုပ်ပုံ မှန်ချိန် ရိပ်ကဲ့သို့၊ တုစ္ဆာ-သူယောင် ငါယောင်  ဟန်ဆောင်သည့်နှယ်  ပြင်ကထည်လည်း  အကယ်ဆတ်ဆတ်  အတွင်းဓာတ်၌  ကောင်းမြတ်ချမ်းသာ  မင်္ဂလာသုခ  ဟူသမျှတို့ တစမနီး  အချီးနှီးသောတရားတို့ပါပေတည်း။”

အထဲထဲမှာ ဘာမှမရှိဘူး၊ မှန်ထဲမှာလည်း ကြည့်လိုက်တဲ့အခါကျတော့ အပြင်က လူက ရုပ်လှရင် အထဲထဲ ကလဲ လှလှလေးတွေ့ရမယ်။ အပြင်ကလူက မျက်စိတွေ စွေနေတယ်၊ နားရွက်တွေ ပဲ့နေတယ်ဆိုရင် အဲဒီအတိုင်း တွေ့ရမှာပဲ။ နောက်ပြီးတော့ ဒီအထဲမှာ ပြုံးနေတဲ့ပုံကလေး ဖော်ပြလို့ရှိရင် မှန်ထဲမှာလဲပြုံးနေတဲ့ ရုပ်ကလေးတွေ့ ရမှာပဲ။ အပြင်ကလူကမဲ့နေရင် ဟိုမှာ မဲ့ရုပ်ကလေးတွေ့ရမှာပဲ။ အေး အဲဒီလို အမှန်စင်စစ်က မှန်ထဲမှာ ဘာမှ မရှိဘဲ အရိပ်အယောင်မျှသာဖြစ်တယ်။ ဒီတော့ လူတွေအထင်အမြင်မှားနေတာ၊ အရိပ်အယောင်လေးကို တကယ့် အကောင်ထင်နေတယ်။ ဒီလိုဆိုတဲ့ အဓိပ္ပါယ်။ “ဒပ္ပနတော ဆာယာဝ-ပြုံးဟန်  ရယ်ဟန်  သွားလာဟန်ဖြင့်  သဏ္ဍာန်တူစွာ  မြင်ရပါလည်း  ခေါ်ရာမထူး  ဦးလည်းမညိတ်  ဓာတ်ရုပ်ပုံ မှန်ချိန် ရိပ်ကဲ့သို့” အထဲထဲက မှန်ထဲက အရုပ်ကို ခေါ်ကြည့်စမ်း၊ စကားပြောကြည့်စမ်း၊ ပြောလို့မရဘူး၊ ခေါ်ပြီးတော့ သူ့ကို လက်ဆွဲ နှုတ်ဆက်ချင်တယ်လို့ လက်ကမ်းပေးပေမဲ့ သူက နှုတ်မဆက်ဘူးတဲ့၊ ရှိမှ မရှိဘဲ၊ တကယ်ရှိတာမှ မဟုတ်ပဲ၊ အဲဒါကို အထင်အမြင်မှားနေ တယ်။
“သူယောင် ငါယောင်  ဟန်ဆောင်သည့်နှယ်  ပြင်ကထည်လည်း  အကယ်ဆတ်ဆတ်  အတွင်းဓာတ်၌  ကောင်းမြတ်ချမ်းသာ  မင်္ဂလာသုခ  ဟူသမျှတို့ တစမနီး  အချီးနှီးသောတရားတို့ပါပေတည်း။” အားလုံးဟာ အထင် အားဖြင့်သာရှိတယ်လို့ ထင်နေကြတယ်။ စင်စစ်တော့ ဘာမျှမရှိ၊ အချီးနှီးကြီးပဲတဲ့။
နောက်တစ်ချက်က ပက္ခိပထော ယထာ-ဘေးဒဏ် ရန်မာန်  အန္တရာယ်ခပင်း  တွေ့ကြုံလျဉ်းက  မှီတင်းဖို့ ရာ  မကွယ်ကာဘဲ  ခိုရာမဲ့ထီး  ကောင်းကင်ကြီးကဲ့သို့၊ သုညာ-ကိုးရာကွယ်ရာ  အားထားရာမျိုး  တစိုးတစိ  မရှိ လုံးလုံး  အစွမ်းတုံးသဖြင့်  အော် အသုံးမကျတဲ့တရားတို့သာလျှင်တည်း။

(သာဓု၊ သာဓု၊ သာဓု)

အဲဒါကကောင်းကင်ကြီးထဲမှာ မော့ကြည့်လိုက်လို့ရှိရင်တဲ့ အရောင်အမျိုးမျိုး၊ အဆင်းအမျိုးမျိုးနဲ့တွေ့ရ တယ်။ တခါထဲ ဘေးရန်အန္တရာယ်ကြုံလာလို့ရှိရင် ဒီကောင်းကင်ကြီးထဲဝင်နေလို့ရှိရင်တော့ ငါဘေးကင်းမှာပဲလို့ ဆိုပြီး အဲဒီကောင်းကင်ကြီးထဲဝင်နေလို့ ဘယ်တော့မှ ဘေးမကင်းနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလဟာပြင်ကြီး ဟာ ကာကွယ်နိုင်တဲ့သတ္တိ ရှိမှမရှိဘဲ၊ ကာကွယ်နိုင်တဲ့သတ္တိမရှိဘူး။ အဲဒီလိုပဲ ခန္ဓာကိုယ်ကြီးကို ဟုတ်လှပြီလား ဆိုပြီးတော့ အကာအကွယ် မမှတ်လိုက်ပါနဲ့တဲ့၊ ဘာမှ မကာကွယ်နိုင်ဘူး၊ တခါထဲ ဆူးလေးနဲ့တိုးမိရင်လည်း နာ တယ်။ မီးလောင်ရင်လည်း လောင်တယ်၊ ပူတယ်။ တစ်ခုခုနဲ့ တိုက်မိ ခိုက်မိလိုက်ရင်လည်း တခါထဲ ဖူးယောင်လာ တာပဲ။ အဲဒါကောင်းကင်ကြီးကိုပဲ ဘာမှ မှီခိုရာ မရနိုင်ဘူးတဲ့။ အဲဒါတွေစုပုံပြီး အနတ္တလို့ခေါ်တယ်။ အဲဒါကတော့ “တော”-တစ်ဆယ့်တစ်လုံးထဲက အနတ္တဒေသနာကို နောက်ဆုံးချုပ်လိုက်ကြပါစို့ရဲ့။

ပဋိစ္စသမုပ္ပါဒ်တရားတွေကို သေသေချာချာစဉ်းစား ဖတ်မယ်ဆိုရင် အနတ္တသဘောသရုပ်က ပေါ်ပြီးတော့ လာနိုင်တယ်။ ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်ကို မကြာမကြာ ဖတ်ပေးကြ၊ နာပေးကြ။ ဒီတော့ ပဋ္ဌာန်းဆိုတာ သူ့ထက် နည်းနည်းလေး ခက်ခဲသွားတယ်။ အဘိဓမ္မာသဘောလေး အခြေခံရှိမှ ပဋ္ဌာန်းကို နားလည်နိုင်တယ်။ ခြုံလိုက်တော့ ငါတို့တွေဟာ လူ့ခန္ဓာကိုယ်ကို ရရှိပြီးသကာလ လူရယ်လို့ ဖြစ်ပေါ်လာနေကြတယ်။ အဲဒီလိုဖြစ်ပေါ်လာခြင်းရဲ့ အကြောင်းဟာ မိမိတို့ပြုလုပ်ဖန်တီးလာခဲ့တဲ့ ကံဆိုတဲ့အကြောင်းကြောင့် ဖြစ်လာခဲ့တယ်။ အဲဒီကံကြောင့် ဖြစ်ပေါ် လာတဲ့အခါကျတော့ သူနဲ့တွဲဖက်က စိတ်ကလေးရှိတယ်။ အဲဒီစိတ်ကလေးက အဟောင်းကနေ အသစ်ဖြစ်အောင် လုပ်ပေးတယ်။ ကံရဲ့သတ္တိလေးကို စိတ်လေးက ဘေးကနေ ပိုးပိုးပြီး တကယ့်အဟုတ်အမှန်ကြီးဖြစ်အောင် လုပ်လုပ် ပေးလာတယ်။ ဒီကြားထဲမှာ အဲဒီလိုဖြစ်လာတဲ့အခါမှာ ဥတုက အပူအအေးဆိုတာလေးက တခါထဲပြုပြင်ပေးလိုက်တယ်။ ပူလာတဲ့အခါ အအေးလေးနဲ့ ဘယ်လိုကာကွယ်မယ်။ အေးလာတဲ့အခါ အပူနဲ့ ဘယ်လိုကာကွယ်ရမယ်ဆို တာ လူတွေက သူ့သဘာဝကို သိတတ်တဲ့ဉာဏ်ကလေး ရှိလို့ အဲဒီဥတုကနေပြီး ဒီလိုဆောင်ချဉ်းပြီးနေတယ်။ အဲဒီ ဥတုသာ မရှိရင် ရေဆိုတာလဲမရှိဘူး၊ ကောင်းကင်ဆိုတာလဲမရှိဘူး၊ သစ်ပင်  တော  တောင်တွေဆိုတာလဲ မရှိဘူး။ ဥတုဆိုတာ တေဇောဓာတ် အပူဓာတ်ကလေးကို ခေါ်တာ။ Element of Heat ပေါ့။ အဲဒါလေးကိုခေါ်တယ်။ ဥတုက ဖန်တီးလိုက်လို့ စားစရာ၊ သောက်စရာ၊ နေစရာ၊ ထိုင်စရာမှစလို့ အကုန်လုံး စိတ်နဲ့ အဲဒီကံရဲ့ အကူအညီ လေးနဲ့ ကူညီဖန်တီးပေးလိုက်လို့ လူတွေဟာ ဒီလိုထူထူထောင်ထောင်ဖြစ်နေကြတယ်။ ပြီးတော့ ဒီကြားထဲမှာ အသက်သေမသွားအောင် ရှိနေတဲ့ အသက်ဓာတ်ကလေး ပျက်စီးမသွားအောင် Vitality ဆိုတဲ့ ဇီဝိတဓာတ်ကလေး ရှိတယ်။ နာမ်ထဲမှာလည်း နာမ်တရားမို့လို့ Vitality ရှိတယ်။ Physical ရုပ်တရားမှာဆိုလို့ရှိရင်လည်း Vitality ရှိတယ်။ အဲဒါလေးတွေက ထိန်းပြီးထားတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ထဲမှာ အမြဲတန်း နွေးနွေးလေးရှိပြန်တယ်။ အဲဒါလေး မရှိရင် နွေးနွေးလေး မရှိတော့ဘူး၊ ခြောက်ခန်းသွားပြီ၊ သေသွားပြီ၊ အေးစက်သွားပြီ။ စိတ်ထဲမှာလည်း ထို့အတူပဲ၊ နာမ်ထဲမှာလည်း ထို့အတူပဲ။ အဲဒီဟာလေး ရှိနေတဲ့အတွက်ကြောင့် တွေးလို့ရတယ်၊ စဉ်းစားလို့ရတယ်။ ချက်ချင်းသိနိုင်တယ်၊ မြင်နိုင်တယ်။ အဲဒါတွေဟာ နာမ်တရားတွေထဲက Vitality ဇီဝိတိန္ဒြေလို့ခေါ်တယ်။ ဒီတော့ စုပေါင်းလိုက်တဲ့အခါကျတော့ ကံရယ်  စိတ်ရယ်  ဥတုရယ်  အာဟာရရယ်  တရားလေးပါးက စုပေါင်းပြုပြင် ဖန်တီးထားလိုက်လို့ ငါတို့တွေဟာ လူရယ်လို့ဖြစ်လာရတာ၊ ကံက မကောင်းခဲ့ဘူးဆိုရင် ထို့ထက်ညံ့တဲ့ဘဝ ရောက် မယ်။ ကံက သူ့ထက်ကောင်းသွားရင်လည်း ထို့ထက်မြင့်တဲ့ဘဝ ရောက်မယ်။ ဒီတော့ ကံလေးဟာ အစေ့နဲ့တူ တယ်။ ဒီကံမျိုးစေ့ကို ဖျက်ဆီးပစ်ဖို့လိုတယ်။

ဗုဒ္ဓဘုရားရှင်က အဲဒါတွေကို ဟောတော့ လူတွေက မကြိုက်ကြဘူး။ ဘယ့်နဲ့ ဘဝသံသရာကြီးမှာ ပျော်ပျော်ပါးပါးနေချင်တဲ့ဥစ္စာ ဘုရားရှင်က ဒီဘဝကို ဖျက်ဆီးပစ်ရမယ်ဆိုတော့ တချို့လူတွေက အံ့ဩတုန်လှုပ် ကုန်ကြတယ်။ အဲဒီအခါ သေသေချာချာ စဉ်းစားကြည့်လိုက်တော့ အပင်ပေါက်တာက အစေ့ကပေါက်တယ်။ အပင်မပေါက်စေချင်လို့ရှိရင် ဒီအစေ့လေးကို ထုခွဲချေဖျက်ပစ်ရမယ်။ အဲဒီတော့ မိမိတို့ အမြဲမပြတ် လုပ်ကိုင်သွား လာနေတယ်၊ ရှာတယ်၊ ဖွေတယ်၊ စားတယ်၊ သောက်တယ်၊ လုပ်ကိုင်နေကြတယ်၊ အာရုံငါးပါး ခံစားနေကြတယ်။ ဒါတွေဟာ မျိုးစေ့ထူထောင်နေကြတာပဲ။ မလုပ်ရဘူး မဟုတ်ဘူး။ လုပ်။ အဲဒီမျိုးစေ့ကို ရှင်သန်ကြီးထွားစေတတ်တဲ့ မျိုးစေ့ဓာတ်ကလေးသွင်းမပေးနဲ့။ နောင်အခါကျတော့ ဒီလောဘ  ဒေါသ  မောဟဆိုတဲ့ အဆီအစေးဓာတ်ကလေး တွေ ကုန်ခန်းသွားအောင် ဝိပဿနာဘာဝနာပွားလိုက်တဲ့ အခါကျတော့ ဒီအဆီဓာတ်  အစေးဓာတ်ကလေးတွေ ကုန်ခန်းသွားရင် ဒီအစေ့ဟာ အပင်မပေါက်တော့ဘူး၊ ဒါကိုပဲ နိဗ္ဗာန်လို့ခေါ်တယ်။

အေး ယနေ့ ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋ္ဌာန်းပါဠိတော်ကြီးကို အခြေခံပြီး ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်ကြီးမှာ ဟောထား တဲ့ ဒေသနာကို အနည်းငယ်မျှ မြည်းစမ်းပြီး နာလိုက်ရတဲ့အတွက် မိမိခန္ဓာကိုယ်ကြီးကို ရုပ်တရား နာမ်တရားတွေ ပိုင်းပိုင်းခြားခြား သိရှိပွားများပြီးတော့ လောဘ  ဒေါသ  မောဟတွေနဲ့ ကံမျိုးစေ့ကလေးကို အချေးအညှော်တွေ ဖြစ်ပေါ်မလာနိုင်အောင်၊ အားလုံးခြောက်သွေ့ပြီးသွားနိုင်အောင် အားလုံးကြိုးစား ပွားများ အားထုတ်နိုင်ကြပါစေ ကုန်သတည်း။

(သာဓု၊ သာဓု၊ သာဓု)

သိမ်တော် အလှူရှင်များ

တိသရဏဘုန်းတော်ကြီးကျောင်းတွင် သိမ်တော်အတွက်
ပါဝင်လှူဒါန်းထားကြသောအလှူရှင်များ

စဉ် အလှူရှင်အမည် အလှူငွေ
၁ ဒေါ်သန်းစိန် $2000
၂ ဒေါ်သန်းရီ မိသားစု $1100
၃ ဦးသန်းရွှေ-ဒေါ်ကျင်အောင် မိသားစု $1000
၄ ဦးတင်မောင်မြင့်-ဒေါ်သန်းသန်းမြင့် $1000
၅ သိမ်ကျောက်ပြားအလှူရှင်များမှ $600
၆ ဦးရစ်ချတ်-ဒေါ်ဟယ်လင် $500
၇ ဦးသန့်ဇင်ဦး-ဒေါ်အေးအေးပြုံး $500
၈ ဦးဆန်နီကျော်ခိုင်-ဒေါ်စန်းစန်းညွန့် $500
၉ ဒေါ်သိန်းခင် မိသားစု $500
၁ဝ ဦးစိုင်းဆိုင်ကျောက်-ဒေါ်ယုမွန် $500
၁၁ ဦး Austin-ဒေါ် Tresa $400
၁၂ Tice Sy & Linda $378
၁၃ ဦးမျိုးကျော်-ဒေါ်ရည်မွန် (VIC) $300
၁၄ ဒေါက်တာသိန်းဦး $300
၁၅ ဦးလှဟန်-ဒေါ်တင်ထားဆွေ $300
၁၆ ဒေါ်မေသန်းခင် $300
၁၇ သိမ်တိုင်အလှူရှင်များမှ $298
၁၈ ဦးအောင်နိုင်-ဒေါ်ယုယုဝင်း $250
၁၉ ဦးတင်ရွှေ-ဒေါ်မေကြည် သား ကိုသီဟရွှေ $200
၂ဝ ဦးဇော်မင်း-ဒေါ်သီတာ $200
၂၁ ဦးဝင်းဇော်-ဒေါ်ခိုင်ခိုင်သင်း $150
၂၂ Patrick Lee- ဒေါ်ကြည်ကြည်ဝင်း $100
၂၃ ဦးခင်မောင်လွင်-ဒေါ်စန္ဒာတင် $100
၂၄ ဦးအုန်းရွှေ-ဒေါ်သန်းသန်းအေး သား ကိုသောင်းထိုက်စိုး-မဇွန်ပွင့်အောင် $100
၂၅ ဒေါ်မျိုးမျိုးကြည်ကြည်မြ $100
၂၆ ကွယ်လွန်သူ မိခင်ကြီး ဒေါ်သောင်းသောင်းတင် $100
၂၇ စေတနာရှင်တစ်ဦး $100
၂၈ ဦးအေးထွန်း-ဒေါ်ကျင်ကျင် $100
၂၉ ဒေါ်ကြင်ဝမ်း $100
၃ဝ Henery Thain Lin $100
၃၁ Ross & မော်မော်ဝင်း $50
၃၂ ဦးသန်းထွန်းအောင်-ဒေါ်မာဂရက် $50
၃၃ ဒေါ်လှကြင် $50
၃၄ ဒေါ်သောင်းကြည် $50
၃၅ ဦးစိုးပိုင်-ဒေါ်သိန်းသန်း $50
၃၆ ဒေါ်ညွန့်ညွန့်တင် $50
၃၇ ဦးကိုကိုခိုင်-ဒေါ်ပပဝင်း $30
၃၈ ဒေါ်ခင်ခင်နွဲ့ $30
၃၉ Brenden Nelly Oo $25
၄ဝ ဒေါ်သင်းသင်းဦး $20
၄၁ ဒေါ်မြမြသန်း (ရန်ကုန်) $20

၂ဝဝ၄-ခုနှစ် ဓမ္မာရုံ အလှူရှင်များ

စဉ် အလှူရှင်အမည် အလှူငွေ
၁ တိပိဋကဓရ ရေစကြိုဆရာတော် $100
၂ ဆရာတော်ဘဒ္ဒန္တသုမင်္ဂလ $160
၃ ဦးရစ်ချတ်-ဒေါ်ဟယ်လင် $1000
၄ ဦးခင်မောင်ရီအားရည်စူး၍ ဒေါ်သန်းရီ-မိသားစု $500
၅ ဦးတင်ထွန်း-ဒေါ်ဌေးဌေးမြင့် $300
၆ ဒေါက်တာ ဒေါ်မာဂရက်စိုး $250
၇ ဦးသန့်ဇင်ဦး-ဒေါ်အေးအေးပြုံး $100
၈ ဦးတင်ထွဋ်-ဒေါ်ကေသီ $100
၉ Heldom Thein Oo Lim $100
၁ဝ Patric Lee- ဒေါ်ကြည်ကြည်ဝင်း $100
၁၁ U Stuart $100
၁၂ Henery Thain Lin $50
၁၃ ဒေါ်မော်မော်ဝင်း $50
၁၄ ဦးနန္ဒအောင်-ဒေါ်သန်းသန်းအေး $50
၁၅ ဦးအောင်အောင်-ဒေါ်ချိုချို $50
၁၆ ဦးကိုကိုခိုင်-ဒေါ်ပပဝင်း $50
၁၇ ဦးစန်လှိုင်-ဒေါ်အဲလီဇဘက် $50
၁၈ ဦးအောင်နိုင်-ဒေါ်ယုယုဝင်း $50
၁၉ Charlie-Daw Win $50
၂ဝ ကိုမင်းမင်း $25
၂၁ STALAR (ဒေါ်စုစု မိသားစု) $20
၂၂ Philip Oo Family $20

စက်ရေတွင်း အလှူရှင်များ

စဉ် အလှူရှင်အမည် အလှူငွေ
၁ တိသရဏကျောင်းဆရာတော် $200
၂ ဒေါ်သန်းရီ၊ဒေါ်တင်တင်မိ၊ဒေါ်ခင်ခင်နွဲ့၊ဒေါ်မြင့်မြင့်သန်း၊ဒေါ်စန်းစန်းညွန့်၊ဒေါ်သိန်းသိန်းသန်း $1200
၃ ဦးရစ်ချတ်-ဒေါ်ဟယ်လင် $1000
၄ ဦးတင်ထွန်း-ဒေါ်ဌေးဌေးမြင့် $500
၅ ဦးသန်းရွှေ-ဒေါ်ကျင်အောင် သမီး မမေသန်းခင် $330
၆ ဦးလှဖေ-ဒေါ်ထွေးကြည် $320
၇ ဦးကိုကိုခိုင်-ဒေါ်ပပဝင်း $300
၈ ဦးစန်းမြင့် $300
၉ ဦးတော်မီလွင်-ဒေါ်မမကြီး $300
၁ဝ ဦးအောင်ဘော်-ဒေါ်Debbr $200
၁၁ ဦးသီဟ-ဒေါ်စန္ဒီ $200
၁၂ ဦးထွန်းလှ-ဒေါ်ချိုချိုထွန်း $200
၁၃ ဒေါ်အုံးရီ သား ဦးယုဂျင်း-ဒေါ်ဝါဝါဝင်း $200
၁၄ ဦးအဟောင်-ဒေါ်အလိန် $180
၁၅ ဦးစိန်လှိုင်-ဒေါ်အဲလစ်ဇဘက် $170
၁၆ ဦးကြည်ညွန့်-ဒေါ်ဖြူဖြူစင် $150
၁၇ ဦးသန့်ဇင်ဦး-ဒေါ်အေးအေးပြုံး $120
၁၈ ဦးဘစိန်-ဒေါ်စင်ဒီ $100
၁၉ ဦးချိန်စန်း-ဒေါ်ဂျီလီ $100
၂ဝ ဦးဝင်းထွတ်-ဒေါ်တင်တင်ဆွေ $100
၂၁ ဒေါ်မော်မော်ဝင်း $70
၂၂ ဒေါ်သိန်းရီ $50
၂၃ ဦးတင်မြင့်ဦး-ဒေါ်ဝင်းဝင်းမြင့် $50
၂၄ ဦးစန်းထွတ်-ဒေါ်ဥမ္မာမြင့် $50
၂၅ ဦးတင်ဝမ်-ဒေါ်ခင်သန်းဦး $50
၂၆ ဦးသန်းနိုင် $50
၂၇ ဦးဝင်းမြင့် $50
၂၈ ဦးအောင်ကျော်ထူး-ဒေါ်ခင်စန်းရီ $50
၂၉ ဒေါက်တာဒေါ်မာဂရက်စိုး $50
၃ဝ ဒေါ်စောနန်းအေး $50
၃၁ ဦးစိုးမိုးနိုင်-ဒေါ်နှင်ေးဝလွင် $30
၃၂ ဦးဆန်းရှိုင်း $20
၃၃ ဦးအေးထွန်း-ဒေါ်ကြင်ကြင် $20
၃၄ ဒေါက်တာခင်အောင် $20
၃၅ ဦးဝင်းစိန်-ဒေါ်ထိန်ကြည် $20
၃၆ ဦးအောင်နိုင်-ဒေါ်ယုယုဝင်း $20
၃၇ ဦးစိန်ဝင်း-ဒေါ်နီနီ $20
၃၈ စေတနာရှင်တစ်ဦး $20
၃၉ ကျော်ဇင်လတ် $20
၄ဝ ဒေါက်တာစိန်အောင်ချင်း $20
၄၁ ဒေါက်တာမျိုးညွန့်-ဒေါ်ခင်မျိုးမြင့် $20
၄၂ ဒေါ်သင်းသင်းဦး $20
၄၃ Dorren Family $20
၄၄ ဦး Drryl ဒေါ်ဥမ္မာ $20
၄၅ ဦးအောင်လွင်-ဒေါ်နီနီ $20
၄၆ ဒေါ်ငွေစိန် $20
၄၇ ဒေါ်ကျင်နွယ် $20
၄၈ ဒေါ်Shally $20
၄၉ Oscr $15
၅ဝ Barrett Glend $10
၅၁ ဦးမျိုးမြင့်-ဒေါ်ခင်မျိုး $10
၅၂ ဦးခင်စိန်-ဒေါ်ရင်ကြည် $10
၅၃ ဦးဘကြည်-ဒေါ်ဂျူလီ $10

post

၂၀၀၄-ခုနှစ် ကျောင်းအလှုရှင်များ

old_tisarana၂၀၀၄-ခုနှစ် ၊ တိသရဏဝိဟာရ 21 Ashby Close, Forrestfield ကျောင်းဝယ်ယူရာတွင် လှူဒါန်းခဲ့ကြသောအလှူရှင်များ

စဉ် အလှူရှင်အမည် အလှူငွေ

၁ ဦးဘကြည်-ဒေါ်ဂျူလီ မိသားစု $3000
၂ ဦးအောင်နိုင်-ဒေါ်ယုယုဝင်း $2300
၃ ဦးသန်းရွှေ-ဒေါ်ကျင်အောင် သမီး မမေသန်းခင် $2000
၄ ဒေါ်ကြည် မိသားစု $2150
၅ ဦးညိုဝင်း $2000
၆ ဦးထွန်းလှ-ဒေါ်ချိုချိုထွန်း $1350
၇ ဦးစိန်လှိုင်-ဒေါ်အဲလစ်ဇဘက် $1000
၈ ဦးရစ်ချက်-ဒေါ်ဟယ်လင် $1000
၉ ဦးတင်ထွန်း-ဒေါ်ဌေးဌေးမြင့် $1000
၁၀ ဦးအဟောင်-ဒေါ်အလိန် $1000
၁၁ ဦးသန်းနိုင်-ဒေါ်ဆွေဆွေဟန် $1000
၁၂ ဒေါ်အုံးရီ မိသားစု $1000
၁၃ ဦးတော်မီလွင်-ဒေါ်မမကြီး $1000
၁၄ ဦးချိန်စန်း-ဒေါ်ဂျီလီ $1000
၁၅ ဒေါက်တာတင့်စန်း မိသားစု $1000
၁၆ ဦးအောင်ဌေး-ဒေါ်သန်းသန်း $1000
၁၇ ဦးဘစိန်-ဒေါ်စင်ဒီ $1000
၁၈ Dr Fong Tan Family $1000
၁၉ ဦးစန်းမြင့် $764
၂၀ ဒေါ်ဒေါ်လီ $750
၂၁ ဒေါ်သိန်းရီ $750
၂၂ ဦးအောင်ဌေး (ဆစ်ဒနီ) ကောက်ခံရရှိအလှူငွေ $620
၂၃ ဦးမြင့်အေး-ဒေါ်ဘရန်ဒါ $600
၂၄ ဦးခင်စိန်-ဒေါ်ရင်ကြည် $500
၂၅ ဦးအေးထွန်း-ဒေါ်ကြင်ကြင် $500
၂၆ မောင်ဇော်ထက်အောင် $500
၂၇ ဥုးကောဏ္ဍည $500
၂၈ ဒေါ်ခရစ်စတင်း $500
၂၉ ဒေါ်မေရီသန်း $500
၃၀ ကိုမိုးအောင်-မဇွန်သူသူအောင် $500
၃၁ ဒေါက်တာခင်ဇော် $500
၃၂ ဦးစိုးမိုးနိုင်-ဒေါ်နှင်းဝေလွင် မိသားစု $500
၃၃ Mr & Mrs Kong $500
၃၄ ဒေါ်ရွှေစင်မေ $500
၃၅ ဦးဂျွန်-ဒေါ်ဥမ္မာမေ$500
၃၆ ဦးသန့်ဇင်ဦး-ဒေါ်အေးအေးပြုံး $300
၃၇ ဦးအောင်အောင်-ဒေါ်ချိုချို $300
၃၈ ဦးအောင်ငြိမ်း-ဒေါ်မူမူ $300
၃၉ ဦးမျိုးကျော်-ဒေါ်ရည်မွန် $300
၄၀ ဦးအုန်းမြင့်-ဒေါ်ခင်အေးမြင့် $300
၄၁ ဦးရဲလွင်သိန်း-ဒေါ်ခင်မာဆွေ $300
၄၂ ဦးအောင်ကျော်ထူး-ဒေါ်ခင်စန်းရီ $250
၄၃ ဦးသန့်ဇင်ထွန်း-ဒေါ်မီမီသင်းမြင့် $250
၄၄ ဒေါ်တင်တင်အေး $200
၄၅ ဒေါ်ခင်ဥ $200
၄၆ ဒေါ်သင်းသင်း $150
၄၇ ဦးတင်မြင့်ဦး-ဒေါ်မာရီ $150
၄၈ ဦးလှအေး-ဒေါ်လှလှခင် $150
၄၉ ဦးဇော်မြင့်လေး-ဒေါ်နီလာဝင်း $100
၅၀ ဦးကြည့်ညွန့်-ဒေါ်ဖြူဖြူ $100
၅၁ ဒေါ်စုစုဝင်း $50

post

မေတ္တာရပ်ခံအပ်ပါသည်

blank-89184_960_720

  1. တိသရဏပရဝုဏ်အတွင်း၌ ရောက်ရှိလာကြကုန်သော ဧည့်သည်များအား ကိုယ်ရော စိတ်ပါ အနှောင့်အရှက်ဖြစ်စေနိုင်သော ဤအသင်းနှင့် လုံးဝ မပတ်သက်သည့် စည်းရုံးခြင်း၊ ဟောပြောခြင်း၊ မိမိတို့၏ အကျိုးစီးပွား အလို့ငှာ ရောင်း၀ယ်ခြင်း-စသည်များ မပြုလုပ်ကြပါရန်
  2. ပိုးမွှားများလာရောက်ခြင်း နည်းပါးစေရန် အမှိုက်သရိုက်များနှင့် စားကျွင်းစားကျန်များကိုလည်း သေချာစွာသိမ်းဆည်း စွန့်ပစ်ပေးပါရန်

လေးလေး နက်နက် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

တိသရဏဝိဟာရအသင်း

ROE High Way ပိတ်ထားသည်

တိသရဏသို့လာရောက်သူများ ROE Highway ပိတ်ထား၍ လမ်းရှာရန်ခက်ခဲနေသူများ အတွက်
တိသရဏသို့ Dundas Rd တစ်ခုထဲမှလာရောက်နိုင်သည်

ROE Highway exit to Berkshire Road is closed. Please come in via Dundas Road.

မြောက်ဖက်မှလာလျင် (Coming from North

 

တောင်ဖက်မှလာလျင် (Coming from South)

 

အနောက်ဖက်မှလာလျှင် (Coming from West)